Terms & Conditions
Mandalay Job Website (www.mandalayjob.com) သည် အလုပ်ရှာဖွေသူများ (Job Seekers) နှင့် အလုပ်ခန့်အပ်လိုသော လုပ်ငန်းရှင်များ (Employers) အကြား အလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ရန် ဖန်တီးထားသော Platform တစ်ခုဖြစ်ပါသည်။
Website ကို အသုံးပြုခြင်း၊ Account ဖွင့်လှစ်ခြင်း၊ Job Post တင်ခြင်း၊ CV တင်ခြင်း၊ CV ကြည့်ရှုခြင်းနှင့် Download ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် အောက်ပါ Terms & Conditions များကို သဘောတူလက်ခံကြောင်း မှတ်ယူမည် ဖြစ်ပါသည်။
- အသုံးပြုသူသည် မှန်ကန်သော ကိုယ်ရေးအချက်အလက်များကိုသာ ဖြည့်သွင်းရမည် ဖြစ်ပါသည်။
- Account Password များကို လုံခြုံစွာ သိမ်းဆည်းရန် တာဝန်ရှိပါသည်။
- အခြားသူ၏ အမည်၊ Email နှင့် ကိုယ်ရေးအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့် မရှိပါ။
- Account တစ်ခုကို အခြားသူများအား ငှားရမ်းခြင်း၊ ရောင်းချခြင်းနှင့် လွှဲပြောင်းအသုံးပြုခွင့် မပြုပါ။
Job Seekers များအနေဖြင့် -
- မှန်ကန်သော CV / Resume များကိုသာ တင်သွင်းရမည်။
- အတုအယောင် အချက်အလက်များ၊ အတွေ့အကြုံများနှင့် ပညာအရည်အချင်းများကို ဖော်ပြခြင်း မပြုရ။
- Website မှ တစ်ဆင့် အလုပ်လျှောက်ထားသောအခါ Employer များထံ CV နှင့် ဆက်သွယ်ရန် အချက်အလက်များကို မျှဝေခွင့်ပြုသည်ဟု မှတ်ယူမည် ဖြစ်ပါသည်။
- အလုပ်အကိုင် လျှောက်ထားရာတွင် Website ၏ ဝန်ဆောင်မှုကို ဥပဒေနှင့်အညီ အသုံးပြုရမည် ဖြစ်ပါသည်။
Employers များအနေဖြင့် -
- တရားဝင် လုပ်ငန်းအဖွဲ့အစည်းများသာ Account ဖွင့်လှစ်ရမည်ဖြစ်ပြီး Website တွင် ကြော်ငြာတင်ခွင့်ရှိပါသည်။
- လိမ်လည်မှု၊ ဥပဒေနှင့် မညီညွတ်သော အလုပ်အကိုင်များနှင့် အန္တရာယ်ရှိသော ဝန်ဆောင်မှုများကို တင်ခွင့်မပြုပါ။
- Job Post များတွင် Company Information များကို မှန်ကန်စွာ ဖြည့်သွင်းရမည် ဖြစ်ပါသည်။
- အလုပ်လျှောက်ထားသူများ၏ ကိုယ်ရေးအချက်အလက်များကို အလုပ်ခေါ်ယူရန် ရည်ရွယ်ချက်အတွက်သာ အသုံးပြုရမည် ဖြစ်ပါသည်။
- အလုပ်ရှာဖွေသူများထံမှ ငွေကြေးတောင်းခံခြင်း မပြုရ။
- Account Password များကို လုံခြုံစွာ သိမ်းဆည်းရန် တာဝန်ရှိပါသည်။
- အခြားသူ၏ အမည်၊ Email နှင့် ကိုယ်ရေးအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့် မရှိပါ။
- Account & CV Form များကို အခြားသူများအား ငှားရမ်းခြင်း၊ ရောင်းချခြင်းနှင့် လွှဲပြောင်းအသုံးပြုခွင့် မပြုပါ။
- လိမ်လည်မှု၊ MLM၊ Online Scam နှင့် ဥပဒေမဲ့ လုပ်ငန်းများကို ကြော်ငြာတင်ခွင့် မပြုပါ။
Employer များနှင့် ခွင့်ပြုချက်ရရှိထားသော Admin များသည် Job Seeker များ၏ CV များကို Website ပေါ်တွင် ကြည့်ရှုနိုင်ခြင်း၊ Download ပြုလုပ်နိုင်ခြင်းများ ရှိနိုင်ပါသည်။ သို့သော် -
- CV များကို အလုပ်ခန့်အပ်ရေးဆိုင်ရာ ရည်ရွယ်ချက်အတွက်သာ အသုံးပြုရမည်။
- CV များကို အခြား Third Party များထံ ပြန်လည်ရောင်းချခြင်း၊ မျှဝေခြင်း မပြုရ။
- Super Admin ၏ ခွင့်ပြုချက်မရှိဘဲ Marketing လုပ်ငန်းများတွင် အသုံးပြုခြင်း မပြုရ။
- CV များကို Social Media ပေါ်တွင် ပြန်လည်ဖြန့်ဝေခြင်း မပြုရ။
အထက်ပါ စည်းကမ်းများကို ဖောက်ဖျက်ပါက Account ကို ပိတ်သိမ်းခြင်းနှင့် လိုအပ်ပါက ဥပဒေအရ အရေးယူခြင်းများ ဆောင်ရွက်နိုင်ပါသည်။
Website Admin, Agency Staff နှင့် Sub Admin များအနေဖြင့် -
- User များ၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းရမည်။
- CV များကို Recruitment Process အတွက်သာ အသုံးပြုရမည်။
- Download ပြုလုပ်ထားသော CV များကို ပြင်ပသို့ ဖြန့်ဝေခြင်း မပြုရ။
- User Data များကို ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ။
- Employer များထံသို့ User Data များကို အကြောင်းမဲ့ ရောင်းချခြင်း မပြုရ။
Admin များသည် Website ၏ Security Policy နှင့် Privacy Policy များကို လိုက်နာရမည် ဖြစ်ပါသည်။
Mandalay Job Website သည် အောက်ပါ အလုပ်အကိုင်များကို ဖယ်ရှားပိုင်ခွင့် ရှိပါသည်။
- လိမ်လည်မှုဆိုင်ရာ အလုပ်အကိုင်များ
- MLM နှင့် တရားမဝင် ငွေကြေးဆိုင်ရာ လုပ်ငန်းများ
- ဥပဒေနှင့် မညီညွတ်သော လုပ်ငန်းများ
- အရွယ်မရောက်သေးသူများအား ထိခိုက်စေနိုင်သော အလုပ်အကိုင်များ
- မမှန်ကန်သော လစာနှင့် လုပ်ငန်းအချက်အလက်များ ပါဝင်သော ကြော်ငြာများ
Website အနေဖြင့် အသုံးပြုသူများကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ Job Posts များကို ဖယ်ရှားခြင်း၊ ပြင်ဆင်ခြင်းနှင့် ယာယီပိတ်ပင်ခြင်းများ ပြုလုပ်ပိုင်ခွင့် ရှိပါသည်။
Website ပေါ်တွင် ဖော်ပြထားသော Logo များ၊ Design များ၊ စာသားများ၊ Image များနှင့် အခြားသော အကြောင်းအရာများသည် Mandalay Job Website ၏ ပိုင်ဆိုင်မှုများ ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ကူးယူအသုံးပြုခြင်း၊ ပြန်လည်ဖြန့်ဝေခြင်းနှင့် စီးပွားရေး ရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်းများကို ခွင့်မပြုပါ။
အသုံးပြုသူများသည် အောက်ပါအပြုအမူများကို မပြုလုပ်ရ။
- Website ကို Hack ပြုလုပ်ရန် ကြိုးပမ်းခြင်း။
- Spam နှင့် Malware များ ဖြန့်ဝေခြင်း။
- အခြား User များ၏ Account များကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်အသုံးပြုခြင်း။
- Website လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်သော မည်သည့်လုပ်ဆောင်ချက်မဆို ပြုလုပ်ခြင်း။
Mandalay Job Website သည် အောက်ပါအခြေအနေများတွင် User Account များကို ယာယီပိတ်ပင်ခြင်း၊ အပြီးတိုင် ပိတ်ပင်ခြင်းနှင့် ဝန်ဆောင်မှုများကို ကန့်သတ်ခြင်းများ ပြုလုပ်ပိုင်ခွင့် ရှိပါသည်။
- Fake Company Account များ
- Fake CV များ
- Scam Job Post များ
- Data များကို အလွဲသုံးစားပြုလုပ်ခြင်း
- Privacy Policy နှင့် Terms & Conditions များကို ဖောက်ဖျက်ခြင်း
- လိမ်လည်မှုနှင့် ဥပဒေမဲ့ လုပ်ဆောင်ချက်များ ပြုလုပ်ခြင်း။
Mandalay Job Website သည် အလုပ်ခေါ်ယူသူနှင့် အလုပ်လျှောက်ထားသူတို့ကို ချိတ်ဆက်ပေးသည့် Platform တစ်ခုသာ ဖြစ်ပါသည်။ အလုပ်ခန့်အပ်ခြင်း၊ လစာပေးချေမှုများနှင့် အလုပ်သဘောတူညီမှုများသည် သက်ဆိုင်ရာ Employer နှင့် Job Seeker တို့အကြား တိုက်ရိုက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ ဖြစ်ပါသည်။
Website အနေဖြင့် -
- အလုပ်အကိုင်အားလုံး၏ မှန်ကန်မှုကို ၁၀၀% အာမခံခြင်း မရှိပါ။
- အလုပ်ခန့်အပ်မှုကို အာမခံခြင်း မရှိပါ။
- User များအကြား ဖြစ်ပေါ်လာသော အငြင်းပွားမှုများအတွက် တာဝန်ယူမည် မဟုတ်ပါ။
Mandalay Job Website သည် လိုအပ်သလို ဤ Terms & Conditions များကို အချိန်မရွေး ပြင်ဆင်၊ ဖြည့်စွက်ခြင်းနှင့် အပ်ဒိတ်ပြုလုပ်နိုင်ပြီး Website တွင် ဖော်ပြသည့်နေ့မှစ၍ အကျုံးဝင်မည် ဖြစ်ပါသည်။
Terms & Conditions နှင့် ပတ်သက်၍ မေးမြန်းလိုပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။
Mandalay Job Website
Email: mandalayjob1@gmail.com
Phone: 09256403559
Address: Myawaddyimingyi street Between 78st and 79st, Pyigyidagon Township,Mandalay.
နောက်ဆုံးပြင်ဆင်သည့်နေ့စွဲ - ၃၀ ဇူလိုင် ၂၀၂၆