Privacy policy

Website တွင် Account ဖွင့်လှစ်ခြင်း၊ CV တင်ခြင်း၊ အလုပ်လျှောက်ထားခြင်းနှင့် Company Profile ဖန်တီးခြင်းတို့ ပြုလုပ်ရာတွင် အောက်ပါ အချက်အလက်များကို စုဆောင်းနိုင်ပါသည်။

  • အမည် (Name)
  • Email Address
  • ဖုန်းနံပါတ်
  • မွေးသက္ကရာဇ် (လိုအပ်ပါက)
  • လိပ်စာနှင့် နေထိုင်ရာဒေသ
  • CV / Resume နှင့် ပညာအရည်အချင်းဆိုင်ရာ အချက်အလက်များ
  • လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုဆိုင်ရာ အချက်အလက်များ
  • Company Information နှင့် ဆက်သွယ်ရန် အချက်အလက်များ

စုဆောင်းထားသော အချက်အလက်များကို အောက်ပါ ရည်ရွယ်ချက်များအတွက်သာ အသုံးပြုမည် ဖြစ်ပါသည်။

  • အလုပ်အကိုင် လျှောက်ထားနိုင်ရန်
  • Employer များနှင့် ဆက်သွယ်နိုင်ရန်
  • User Account များကို စီမံခန့်ခွဲရန်
  • Website ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်စေရန်
  • Notification များ ပေးပို့ရန်
  • Customer Support ဝန်ဆောင်မှုများ ပေးအပ်ရန်
အလုပ်လျှောက်ထားခြင်း:

အလုပ်ရှာဖွေသူတစ်ဦးသည် ဝဘ်ဆိုက်မှတစ်ဆင့် အလုပ်တစ်ခုကို လျှောက်ထားလိုက်ပါက အဆိုပါ အလုပ်ရှာဖွေသူ၏ CV Form နှင့် အချက်အလက်များကို သက်ဆိုင်ရာ အလုပ်ရှင်/ကုမ္ပဏီထံသို့သာ ပေးပို့ပြသမည် ဖြစ်ပါသည်။

တတိယအဖွဲ့အစည်းသို့ မရောင်းချခြင်း:

အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို မည်သည့် ကြော်ငြာကုမ္ပဏီ သို့မဟုတ် တတိယအဖွဲ့အစည်း (Third-party) ထံသို့မျှ စီးပွားရေးအရ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ့ အလွဲသုံးစား ပေးပို့ခြင်းမျိုး လုံးဝ (လုံးဝ) ပြုလုပ်မည်မဟုတ်ပါ။

ဥပဒေအရ တောင်းဆိုမှု:

တည်ဆဲဥပဒေ သို့မဟုတ် တရားဝင် အစိုးရအဖွဲ့အစည်းများ၏ တရားဝင်တောင်းဆိုမှုများရှိလာပါက ဥပဒေနှင့်အညီ သတင်းအချက်အလက် ပေးပို့ခြင်းများ ရှိနိုင်ပါသည်။

Job Seeker များ၏ CV နှင့် Profile အချက်အလက်များကို User မှ ခွင့်ပြုထားသော အတိုင်းသာ Employer များ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

User များအနေဖြင့် -

  • CV ကို Public ပြုလုပ်ရန်
  • Private ပြုလုပ်ရန်
  • Employer များမှ ရှာဖွေတွေ့ရှိနိုင်ရန် / မတွေ့ရှိနိုင်ရန်

စသည်တို့ကို မိမိစိတ်ကြိုက် သတ်မှတ်နိုင်ပါသည်။

  • အသုံးပြုသူများသည် မိမိတို့၏ အကောင့်အတွင်းရှိ အချက်အလက်များကို အချိန်မရွေး ပြန်လည်ပြင်ဆင်ခွင့်၊ အဆင့်မြှင့်တင်ခွင့် ရှိပါသည်။
  • မိမိ၏ အကောင့်နှင့် အချက်အလက်များကို ဝဘ်ဆိုက်စနစ်အတွင်းမှ လုံးဝ ပယ်ဖျက်လိုပါကလည်း (ဖျက်သိမ်းခွင့်) Customer Support ထံ ဆက်သွယ်၍ တောင်းဆိုနိုင်ပါသည်။

စုဆောင်းရရှိထားသော အချက်အလက်များကို အောက်ပါ ရည်ရွယ်ချက်များအတွက်သာ အဓိက အသုံးပြုပါသည် -

  • အလုပ်ရှာဖွေသူများနှင့် အလုပ်ရှင်များအကြား သင့်တော်သော အလုပ်အကိုင်များကို စနစ်တကျ ချိတ်ဆက်ပေးရန်။
  • အကောင့်လုံခြုံရေးအတွက် Gmail SMS OTP (တစ်ခါသုံး လျှို့ဝှက်နံပါတ်) ပေးပို့စစ်ဆေးရန်။
  • အလုပ်လျှောက်ထားမှု အခြေအနေများနှင့် သက်ဆိုင်သည့် သတိပေးချက်များကို ပေးပို့ရန်။
  • ဝဘ်ဆိုက်၏ ဝန်ဆောင်မှုနှင့် စွမ်းဆောင်ရည်များကို ပိုမိုကောင်းမွန်အောင် အမြဲတစေ ပြုပြင်မွမ်းမံရန်။
  • မမှန်မကန် လုပ်ဆောင်မှုများ၊ လိမ်လည်မှုများနှင့် အကောင့်အတုများကို စိစစ်တားဆီးရန်။

Mandalay Job Website သည် User များ၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံစိတ်ချစွာ သိမ်းဆည်းနိုင်ရန် နည်းပညာဆိုင်ရာ လုံခြုံရေးစနစ်များကို အသုံးပြုထားပါသည်။ သို့သော် Internet ပေါ်ရှိ Data ပေးပို့မှုများသည် ၁၀၀% လုံခြုံမှုရှိသည်ဟု အာမခံနိုင်ခြင်း မရှိသဖြင့် User များအနေဖြင့်လည်း မိမိ၏ Password များကို လုံခြုံစွာ သိမ်းဆည်းထားရန် လိုအပ်ပါသည်။

Website ၏ လုပ်ဆောင်ချက်များ ကောင်းမွန်စေရန်နှင့် User Experience ပိုမိုကောင်းမွန်စေရန် Cookies များကို အသုံးပြုနိုင်ပါသည်။

Mandalay Job Website သည် လိုအပ်သလို Privacy Policy ကို အချိန်မရွေး ပြင်ဆင်၊ ဖြည့်စွက်၊ အပ်ဒိတ်ပြုလုပ်နိုင်ပြီး ပြင်ဆင်ထားသော မူဝါဒများသည် Website ပေါ်တွင် ဖော်ပြသည့် နေ့ရက်မှ စတင်၍ အကျုံးဝင်မည် ဖြစ်ပါသည်။

Terms & Conditions နှင့် ပတ်သက်၍ မေးမြန်းလိုပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။

Mandalay Job Website

Email: mandalayjob1@gmail.com

Phone: 09256403559

Address: Myawaddyimingyi street Between 78st and 79st, Pyigyidagon Township,Mandalay.

နောက်ဆုံးပြင်ဆင်သည့်နေ့စွဲ - ၃၀ ဇူလိုင် ၂၀၂၆

မှတ်ချက်။ Website တွင် Account ဖွင့်လှစ်ခြင်း၊ CV တင်ခြင်း၊ Job Apply ပြုလုပ်ခြင်းနှင့် Website ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် အသုံးပြုသူသည် အထက်ဖော်ပြပါ Privacy Policy များကို ဖတ်ရှုနားလည်ပြီး သဘောတူလက်ခံကြောင်း မှတ်ယူမည် ဖြစ်ပါသည်။